Pages

မူလစာမျက်နှာ နည်းပညာ flash song သီချင်းများ ဗွီဒီယို ဟာသ ဓါတ်ပုံများ ကဗျာများ MP3 သီချင်းများ အထွေထွေ စာအုပ် Online Make Money

Saturday, February 21, 2015

Bobby Soxer ( New Album 2015)





  • **01. B-SOX ဆိုတဲ့ထက်ထက်**
  • **02. အလွမ်းသမ**
  • **03. စနေမ Ft Lil Chan**
  • **04. အိမ်ထောင်ရှင်စိတ်ကူး**
  • **05. အိမ်မက်များနဲ့ကခုန်ခြင်း Ft Irene Zin Mar Myint**
  • **06. ကြယ်ကလေးရဲ့ပုံပြင် Ft Hlwan Paing**
  • **07. တော်ပါ**
  • **08. မငိုပါနဲ့**
  • **09. နဖူးမှာရေးတဲ့စာ Ft-Mi Sandi**
  • **10. ဘွာတေး Ft Kyaw Htut Swe**
  • **11. အချစ်-အပြစ်-နှစ်ဆယ့်တစ်**
  • **12. အနာဂတ်လေး**



  • **(Download Whole Album)ဒေါင်းရန်**
  • Mc Bay Gyi - မင်းမှမင်းပါပဲ






  • **01.အချစ်**
  • ** 02.နင်တစ်ယောက်ပဲ**
  • **03.လမ်းပြကြယ်**
  • **04.ကိုယ်မရှိတော့တဲ့အခါ**
  • **05."အဖို" နဲ့ "အမ" သံယောဇဉ်**
  • **06.အချစ်လားအမုန်းလား**
  • **07.မင်းနဲ့အတူ**
  • **08.မင်းကိုပဲလွမ်းနေမိတယ်**
  • **09.Fanshion မစားတဲ့ Rapping သမားရဲ့အချစ်**
  • **10.ပြန်ခဲ့တော့ချစ်သူ**
  • **11.နင်ပဲ(နတ်သမီး)**
  • **12.ငါတစ်ကယ်ကို ရူးနေရပြီ (Baby)**
  • **13.မင်းလေးသဘောကျအတိုင်း**
  • **14.ညီမလေး ( Remix )**
  • **15.မျှော်လင့်ချက်နဲ့ အသက်ရှင်**
  • **16.ငါ့ရဲ့အနားကို**
  • **17.မိန်းကလေးချင်းတောင် ငေးရတဲ့ ကျနော့်ချစ်သူ**
  • **18.မင်းမှမင်းပါပဲ**



  • **Album တစ်ခုလုံး ဒေါင်းရန်**
  • Friday, February 13, 2015

    MyanPay မှငွေများကို မိမိရဲ့ မြန်မာဘဏ်Account ထဲသို့လွှဲနည်း

    MyanPay မှငွေများကို မိမိရဲ့ မြန်မာဘဏ်Account ထဲသို့လွှဲနည်း

    ကဲ...အခု MyanPay ဆိုတဲ့ မြန်မာပြည်တွင်း Online Payment System အကြောင်းပြောတော့မယ်ဗျာ...အဓိကပြောမှာကတော့ အင်တာနက်ကနေရလာတဲ့ ပိုက်ဆံတွေကို
    PayPal ကနေတစ်ဆင့် တကယ့်ငွေသားကိုယ့်လက်ထဲရောက်အောင် ထုတ်ဖို့အတွက် MyanPay ဆိုတာ သုံးကိုသုံးရမယ်ဗျာ..ကျနော်အခုအဓိကရေးမှာကတော့ MyanPay
    ကနေ မိမိရဲ့ မြန်မာဘဏ်အကောင့်ထဲကိုငွေဘယ်လိုလွှဲမလဲဆိုတာပါဘဲ..ဒါကိုဘဲအဓိကထားရေးသွားပါ့မယ်... အရင်ဆုံး မိမိနဲ့ နီးစပ်တဲ့ ဘဏ်တစ်ခုခုကနေလုပ်ထားတဲ့ ဘဏ်စာအုပ်
    ရှိရပါ့မယ်..ဘဏ်စာအုပ်လုပ်တာကလဲ တစ်ထောင်လောက်ပဲကုန်ကျတာပါ.. ဘဏ်စာအုပ်ရပြီဆိုရင် ဘဏ် Account ရပါ့မယ်..အဲဒီဘဏ်အကောင့်ထဲကို ငွေလွှဲရမှာဖြစ်ပါတယ်။
    အိုကေစမယ်..အရင်ဆုံး MyanPay Account လုပ်ဖို့အတွက် www.myanpay.com.mm ကိုသွားလိုက်ပါ..ပြီးတာနဲ့ Create MyanPay Account ကိုနှိပ်လိုက်ပါ

     Create Personal Account ကိုရွေးပါ


     ပြီးတာနဲ့ Register လုပ်ရပါ့မယ်..သူမေးထားတဲ့အတိုင်း အောက်ပါပုံကိုသေချာကြည့်ပြီးဖြည့်ပေးပါ .. ပြီးတာနဲ့ မိမိထည့်ထားတဲ့ ဖုန်း နဲ့ မိမိ Register လုပ်ထားတဲ့ Email Account ထဲသို့ Register Code ပို့ပေးပါလိမ့်မယ်...အဲဒါကို ရိုက်ထည့်ပြီး Activate လုပ်ရင် MyanPay Account ( Unverified ) တစ်ခုရပါပြီ။ ပြီးတာနဲ့ Login ၀င်လိုက်ပါ


    Login ၀င်လိုက်တာနဲ့ Unverified ကိုတွေ့ပါမယ်..Verified ဖြစ်ဖို့အတွက် အောက်ဖော်ပြပါ ပုံပါ လိပ်စာသို့ ဖုန်းဆက်ပြီး အကြောင်းကြားရပါ့မယ်..သို့မဟုတ် ငွေတစ်ထောင် သွင်းရပါမယ်..သို့မဟုတ် မိမိရဲ့မှတ်ပုံတင် Scan ဖတ်ထားတာကို သူတို့ရဲ့ Mail လိပ်စာဖြစ်တဲ့ support@myanpay.com.mm ကို ပို့ပေးရပါ့မယ်.. အကောင်းဆုံးကတော့
    ဖုန်းအရင်ဆက်ပါ..မိမိအကောင့်ဖွင့်ထားကြောင်းပြောပါ.. verified လုပ်လိုကြောင်းပြောပြီး သူတို့ရဲ့ညွှန်ကြားချက်အတိုင်း လုပ်လိုက်ပါ...ဒါဆိုရင် Verified ဖြစ်သွားမှာပါ..ကျွန်တော်ကတော့ ကျွန်တော့်မှတ်ပုံတင်ကို Scan လုပ်ပြီးပို့ပေးလိုက်တာ 24 နာရီအတွင်း Verified ဖြစ်သွားပါတယ်..ကဲ..Verified ဖြစ်ပီဆိုမှတော့သောင်းကျန်းလို့ရဘီ .. :D
     ကဲ..အခုမိမိရဲ့အကောင့်က Verified ဖြစ်သွားပြီ..မိမိမှာ ဘဏ်စာအုပ်လဲရှိပြီဆိုရင် ဘာဆက်လုပ်မလဲဆိုတော့ ဘဏ်စာအုပ်ထဲက Account Number ကို MyanPay ထဲထည့်မှာပါ..ဘယ်လိုထည့်မလဲ..အောက်ကပုံကိုကြည့်ပါ.. တစ်ခုသတိပေးချင်ပါတယ်.. ဘဏ်စာအုပ်မှာ Aung San ဆိုပြီးလုပ်မယ်ဆိုရင် MyanPay မှာလဲ Aung San ဆိုပြီး
    လုပ်ပါ..သူတို့ဘက်က ငွေလွှဲလို့ နာမည်မတူရင် ရစ်ပါတယ်..အဲဒါကြောင့်တူတူလုပ်ပါ။ အိုကေအောက်က ပုံကိုကြည့်ပါ။
     Withdraw ကိုနှိပ်ပါ... Withdraw to Bank Account ကိုနှိပ်ပါ.. ပြီးတာနဲ့ Add your Bank Account Information ကိုနှိပ်လိုက်ပါ။


     ပုံမှာဆိုရင် မိမိ ဘဏ်အကောင့် (Or) ဘဏ်စာအုပ်လုပ်ထားတဲ့ ဘဏ်အမျိုးအစားကိုရွေးပါ..ကျွန်တော်ကတော့ KBZ မှာလုပ်ထားလို့ KBZ Bank လို့ဘဲရွေးလိုက်ပါတယ်..
    အောက်က Bank Branch Name ကတော့ ဘဏ်ခွဲအမည်ပါ..ကျွန်တော်က နေပြည်တော် ပေါင်းလောင်းနားမှာနေတာဆိုတော့ Naypyidaw Branch (2 ) လို့ရွေးချယ်ပေး
    လိုက်ပါတယ်.. အောက်က Bank Account Number မှာတော့ မိမိဘဏ်စာအုပ်ထဲမှာပါတဲ့ Account Number တွေကို ရိုက်ထည့်ပေးလိုက်ပါတယ်... ပြီးတာနဲ့ Add New ကိုနှိပ်ပေးလိုက်ပါ..ဒါဆိုရင မိမိရဲ့ ဘဏ်အကောင့် MyanPay အတွင်းထည့်သွင်းခြင်းပြီးဆုံးပြီဖြစ်ပါတယ်။ ကဲ.. ငွေထုတ်တဲ့နည်းစတင်ပါတော့မယ်... ထုံးစံအတိုင်း Withdraw >> Withdraw to Bank Account ကိုနှိပ်လိုက်ပါ..အောက်ပါပုံအတိုင်းပေါ်လာပါမယ်..


     အဲဒီနေရာမှာ Select Bank Account ရဲ့ ဘေးနားက မြှားလေးကို တစ်ချက်နှိပ်လိုက်တာနဲ့ စောစောက မိမိထည့်သွင်းခဲ့တဲ့ မိမိရဲ့ ဘဏ်အကောင့်နံပတ်က အလိုလိုကျလာပါ
    လိမ့်မယ်..အဲဒီအပေါ်ကိုရွေးချယ်လိုက်ပါ..ဒါဆိုရင်အောက်က ပုံအတိုင်း Bank Information ကျလာပါလိမ့်မယ်။
     ကဲ..ကျလာပြီဆိုရင် မိမိလွှဲပြောင်းလိုတဲ့ မိမိရဲ့ Account Balance ထဲမယ်ရှိတဲ့ ငွေပမာဏကို ရိုက်ထည့်လိုက်ပေါ့..ပြီး၇င် Withdraw ဆိုတာကိုနှိပ်လိုက်ပေါ့။ အောက်က ပုံကို
    ဆက်ကြည့်လိုက်ပါဦး။
     ပုံမှာဆိုရင် ငွေကို ဘဏ်အကောင့်ထဲသို့ချက်ချင်းးမလွှဲသေးဘဲ Pending ( ဆိုင်းငံ့ ) နေတာကိုတွေ့ရပါလိမ့်မယ်...ဒီအချိန်မှာဘာလုပ်ရမလဲဆိုရင် MyanPay ကိုဖုန်းဆက်ပြီး
    ငွေလွှဲထားတဲ့အကြောင်းအပြည့်အစုံကိုပြောပြလိုက်ပါ..သူတို့ဘက်က ချက်ချင်းလုပ်ပေးပါလိမ့်မယ်..နောက် သုံးလေးနာရီအတွင်း သက်ဆိုင်ရာဘဏ်ကနေ လူကြီးမင်းရှင့် လူကြီးမင်းရဲ့ အကောင့်ထဲကို ဘယ်လောက်ရောက်နေပါပြီဆိုပြီး ဖုန်းဆက်လာပါလိမ့်မယ်ခင်မျာ.. :D ကဲ..ဒါကတော့ဗျာ..အင်တာနက်ပေါ်ကနေငွေရှာနေတဲ့ ကျနော်တို့ ငွေဘယ်လိုအဆင့်ဆင့်ဖြတ်ထုတ်လာတယ်ဆိုတာရေးပြလိုက်တာပါဘဲ.....အားလုံးဘဲအဆင်ပြေမယ်မျှော်လင့်ပါတယ်ခင်ဗျာ...










    MyanPay အသုံးပြုပြီးအင်တာနက်မှတစ်ဆင့်ဖုန်းကဒ်ဝယ်နည်း

    MyanPay အသုံးပြုပြီးအင်တာနက်မှတစ်ဆင့်ဖုန်းကဒ်ဝယ်နည်း

    အားလုံးဘဲ မင်္ဂလာပါ...အခုအင်တာနက်ပေါ်မှာ ငွေရှာနည်းတွေ ပလူပျံနေတာကို တော်တော်များများသိကြမယ်ထင်ပါတယ်... ဟုတ်ပီ... အင်တာနက်ပေါ်မယ် ငွေရှာကြတယ်..ရလာတဲ့ငွေတွေကိုဖုန်းကဒ်ဘယ်လို ပြန်ဝယ်မလဲ.... မသိသေးတဲ့သူများအတွက် နည်းလမ်းပြလိုက်ပါတယ်.. ဒီနေရာမယ် မေးစရာတစ်ခုရှိတယ်
    အင်တာနက်ပေါ်က ရတဲ့ငွေတွေက ဒေါ်လာနဲ့ရတယ် အဲဒီဒေါ်လာတွေနဲ့ဘယ်လိုဖုန်းကဒ်ဝယ်မှာလဲ ? ဖုန်းကဒ်ကတော့ မြန်မာငွေနဲ့ဝယ်ရတာပါ.. ဘယ်လိုဝယ်ရသလဲဆိုရင်... လိုအပ်ချက်တွေအနေနဲ့...

    မိမိမှာ MyanPay Account တစ်ခုရှိရပါမယ်။ www.myanpay.com.mm မှာအကောင့်ဖွင့်ပါ..ပြီးတာနဲ့ သူတို့ကိုဖုန်းဆက်ပီး ပိုက်ဆံ ငါးထောင်သွင်းခါ Account verify လုပ်လိုက်ပါ။ ဒါဆိုရင် မိမိမှာ MyanPay Account တစ်ခုရရှိသွားပြီဖြစ်ပါတယ်။

    Exchanger ရှိရပါ့မယ်... ဘယ်လိုလဲဆိုတော့ ငွေရှာဆိုဒ်တွေဆီကနေ ရလာတဲ့ငွေတွေကို ထုတ်ဖို့အတွက် Exchanger ကိုဆက်သွယ်ရပါ့မယ်..Exchanger ကနေ မြန်မာငွေပြောင်းလဲပြီး မိမိရဲ့ MyanPay Account ထဲသို့ မြန်မာငွေပို့ပေးမှာဖြစ်ပါတယ်... Exchanger ကတော့ adflycreator@gmail.com (0r) 09 420 700 582 သို့ဆက်သွယ်နိုင်ပါတယ်...ကိုယ့်ရဲ့ MyanPay Account ထဲကိုငွေရောက်လာပါလိမ့်မယ်.. ရောက်လာပြီဆိုတာနဲ့ ဖုန်းကဒ် စတင်ဝယ်နိုင်ပြီဖြစ်ပါတယ်... ကဲ...ဘယ်လို ၀ယ်မလဲ အရင်ဆုံး www.topup.com.mm ကိုသွားလိုက်ပါ


     ပေါ်ပုံမယ်ပြထားတဲ့အတိုင်း မိမိဖြည့်သွင်းလိုတဲ့ ဖုန်း Type ကိုရွေးပါ..ပြီးတာနဲ့ အောက်က ပုံအတိုင်း ကိုယ်ဖြည့်သွင်းလိုတဲ့ဖုန်းနံပတ်ကိုထည့်လိုက်ပါ..အပေါ်ရော အောက်ရော ဂဏန်းတူပါစေ.... အိုကေ..ပြီးတာနဲ့ Top Up Now ကိုနှိပ်လိုက်ပါ..ဒါဆိုရင် မိမိရဲ့ MyanPay Account ကိုရောက်သွားပါမယ်။

     MyanPay Account Login နေရာမှာ မိမိရဲ့ Username and Pass ကိုရိုက်ထည့်လိုက်ပါ.. ပြီးတာနဲ့ Login ၀င်လိုက်ပါ။ အောက်က ပုံကိုဆက်ကြည့်ပါ။
     Continue ကိုနှိပ်ပါ..... အောက်က ပုံကိုဆက်ကြည့်ပါ။

     ပီးတာနဲ့ Pay Now ကိုနှိပ်လိုက်ပါ...ဒါဆိုရင် မိမိရဲ့ဖုန်းအတွင်းသို့ အင်တာနက်မှအလိုအလျောက်ငွေဖြည့်သွင်းပေးမှာဖြစ်ပါတယ်..တစ်ခါတစ်ရံ ပြည်သူ့အချစ်တော် MPT စုတ်ပြတ်သလတ်နေတဲ့လိုင်းအနေအထားကြောင့် ငွေတိုက်ရိုက်မဖြည့်နိုင်မှာ ဖြည့်သွင်းလိုသည့်ဖုန်းအတွင်းသို့ ကုဒ်နံပတ်ကိုပို့ပေးပါလိမ့်မယ်..အဲကုဒ်နံပတ်အတိုင်းဖြည့်လိုက်ရုံပါဘဲ.. ဒါဆိုရင်အဆင်ပြေပါပြီ..လွယ်လွယ်လေးပါဘဲခင်ဗျာ။