Pages

မူလစာမျက်နှာ နည်းပညာ flash song သီချင်းများ ဗွီဒီယို ဟာသ ဓါတ်ပုံများ ကဗျာများ MP3 သီချင်းများ အထွေထွေ စာအုပ် Online Make Money

Saturday, July 28, 2012

G mail ရဲ့စာရေးတဲ့အထဲမှာ ပုံကလေးနဲ့ပို့ချင်သူများ

G mail မှာ ကိုယ် က ပုံကလေးတွေ ကို ပို့ချင်တယ်ဆိုရင် အများစုကတော့ attach file ကနေပြီးတော့ပဲ ပုံလေးတွေကိုထည့်ပြီးတော့ ပို့ကြပါတယ် .. အခု ဟာကတော့ အဲလို မဟုတ်ပါဘူး .. G mail မှာ body ထဲက စာရေးတဲ့ အထဲမှာပဲ ပုံကလေး ရောပြီးတော့ ပို့တာလေးပါ .. သူကတော့ animation ပုံကလေးတွေကိုလည်းထည့်လို့ရပါတယ် .. ပုံကလေးတွေနဲ့ စာကလေးတွေ တွဲပြီးတော့ ပို့ချင်တယ် ဆိုရင် အဆင်ပြေတာပေါ့ဗျာ  ............
1.ကိုယ့်ရဲ့ Gmail ကိုဝင်လိုက်ပါ .
2.ပြီးရင် setting ကို နှိပ်လိုက်ပါ ...
3.နှိပ်လိုက်ပြီးပြီဆိုရင် အဲဒီ့မှာ Lab ဆိုတဲ့ Tab ကလေးကိုထပ်ပြီးတော့ နှိပ်လိုက်ပါ
4.ပြီးရင် အဲဒီ့ အထဲမှာ Inserting image ဆိုတာကလေးကို ရှာလိုက်ပါ ..
5.ရှာလို့တွေ့ရင်တော့ Enable လုပ်ပေးလိုက်ပါ ..
6.ပြီးရင်တော့ save change ကိုပေးလိုက်ပေါ့ ..
7.ပုံကလေးတွေထည့်ချင်တယ်ဆိုရင်တော့ အဲဒီ့မယ် မေးလ် ပို့ဖို့အတွက် လုပ်လိုက်ပါ .. ပြီးရင် အပေါ်က bar ကလေးမှာ အောက်က ပုံကလေး တိုးလာတာကို တွေ့ရပါ့မယ် ...
8.ထည့်မယ်ဆိုရင် အဲဒီ့ ပုံကလေးကို နှိပ်လိုက်ပါ .. နှိပ်ပြီးသွားရင်တော့ ကိုယ်ပို့ချင်တဲ့ပုံကို ကွန်ပျူတာကနေပြီးတော့ပဲဖြစ်ဖြစ် Url နဲ့ပဲ ဖြစ်ဖြစ် ထည့်ပြီးတော့ upload ပေးလိုက်ပါ .. ပြီးရင်တော့ add image ပေါ့ ..
8.အဲဒီလိုကလေးတွေတင်ပြီးသွားရင် ပို့လို့ရပါပြီး ကြိုးစားကလိကြည့်ပါ ၀ါသနာပါရင် ဘယ်အရာမှမတတ်ဘူးဆိုတာမရှိပါဘူး ကြိုးစားသင်ယူစိတ်ပြင်းထန်မှတတ်မြှောက်မယ်ဆိုတာတော့ နားလည်ခံယူထားပါ    လိုချင်သလောက်မရတောင် လုပ်ချင်တာလေ နည်းနည်းဖြစ်မြှောက်သွားရင်တောင် ကျေနပ်မိမှာကို ၀ါသနာပါသူများ နားလည်မှာပါ............ရူးလေးလည် ထိုအတူပါပဲ    ကွန်ပျူတာနဲ့ပတ်သက်ရင် ရတာအကုန်နှိုက်ယူချင်တဲ့ ရူးလေး ပျော်ရွှင်ပါစေ လာလည်သူအပေါင်းသင်းတို့.........

No comments:

Post a Comment