Pages

မူလစာမျက်နှာ နည်းပညာ flash song သီချင်းများ ဗွီဒီယို ဟာသ ဓါတ်ပုံများ ကဗျာများ MP3 သီချင်းများ အထွေထွေ စာအုပ် Online Make Money

Wednesday, August 8, 2012

Gtalk&Gmail အကောင့် password များ မေ့နေလျှင်(သို့)အခိုးခံရလျှင် ပြည်လည်ရယူနည်း

1။ ဂျီတော့ ဘောက်စ့်လေးထဲမှာရှိတဲ့ Forgot your password? ကိုနှိပ်လိုက်ပါ။




2။ username & email လိပ်စာကိုဖြည့်ပြီး submit ကိုနှိပ်လိုက်ပါ။


2 

3။ ပေးထားတဲ့ စာလုံးစောင်းလေးတွေကို မှန်အောင်ဖြည့်ပြီး continue ကိုနှိပ်ပါ။

3

4။ Answer my security question ရှေ့က အ၀ိုင်းလေးကို နှိပ်လိုက်ပါ။


4 


5။ အကောင့်ဖွင့်စဉ်က မိမိဖြေထားသော အဖြေကို ဖြည့်ပေးလိုက်ပါ။

5


6။ ပေးထားတဲ့ ကွက်လပ်2ခု ထဲမှာ password အသစ်ကို တူအောင်ဖြည့်ပြီး Reset Password ကိုနှိပ်လိုက်ပါက မိမိရဲ့ Gtalk&Gmail
အကောင့်များ ၄င်း password အသစ်ဖြင့် ၀င်ရောက်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

6 





အကယ်၍ သင့် ဂျီမေးအခိုးခံလိုက်ရပြီဆိုပါတော့ ။ password ရော security question ရော secondary email ပါ အပြောင်းခံလိုက်ရပြီဆိုပါတော့။ သင်ဘာဆက်လုပ်မလဲ။ ဒီအတွက် မပူပါနဲ့။ ဂျီမေးက သင့်အတွက် service တခုပေးထားပါသေးတယ်။

လုပ်ပုံလုပ်နည်း

ဂူဂဲက ပေးထားတဲ့ ဖောင်ကိုဖြည့်ရပါမယ်။ account နဲ့ပက်သက်တဲ့ အချက်အလက် အသေးစိတ်တွေဖြည့်ရမှာပါ။ account ဖွင့်ထားတဲ့လူသာ သိလောက်မဲ့ အချက်အလက်မျိုးပေါ့။ ဘာအချက်အလက်တွေပါမလဲဆိုတော့

ဥပမာ
နောက်ဆုံး လော့အင်ဝင်ခဲ့တဲ့ရက်စွဲ၊ အကောင့် စဖွင့်ခဲ့တဲ့ ရက်စွဲ၊ အဲဒီအကောင့်နဲ့ သင်အသုံးပြုနေတဲ့ Google ရဲ့အခြား products တွေအကြောင်း၊ Google Blogger အသုံးပြုရင် အဲဒီ Blogger Account ရဲ့အချက်အလက်အသေးစိတ်။

အရေးအကြီးဆုံးကတော့ မေးခွန်းတွေကိုဖြေရာမှာ အသေးစိတ်နဲ့ အတတ်နိုင်ဆုံး တိတိကျကျ ဖြေပေးရပါမယ်။ ကိုယ်မသေချာတဲ့အကြောင်းဆိုရင်လဲ အတတ်နိုင်ဆုံး အနီးစပ်ဆုံးဖြေပေးလိုက်ပါ။

သင့်အကောင့် သင်ပြန်ရမရဆိုတာ သင့်အဖြေက ဘယ်လောက်နီးနီးစပ်စပ်မှန်လဲဆိုတဲ့ပေါ်မှာ မူတည်ပါလိမ့်မယ်။

ထပ်ပြီးသတိပြုရမယ့် အချက်တွေကတော့

ဖောင်ပို့လျှင် တဖောင်သာ ပို့ရန် (ဖောင်အများကြီးမပို့ရန်)၊ ကိုယ့်ရဲ့အကောင့်ကို အမြဲအသုံးပြုနေကြ စက်(PC) ကပဲပို့ရန်။ ဘာကြောင့်လဲဆိုတော့ သင့်ဖောင်ပို့လိုက်တဲ့ IP address ကို Google ကမှတ်သွားမှာမို့လို့ပါ။

ဒီ Form ပါမေးခွန်းများကိုသုံးပြီးတော့ ကိုယ့်အီးမေး သူများခိုးယူခြင်းမှ ကာကွယ်နိုင်ပါသေးတယ်။ ဘယ်လိုကာကွယ်မှာလဲ?။ လွယ်ပါတယ်။ မေးခွန်းတွေကိုလေ့လာပြီး ကိုယ်နဲ့ပက်သက်တဲ့ အချက်အလက်တွေကို
လုံခြုံတဲ့တနေရာ (ဥပမာ ကို Infofreakz အိမ်) မှာသိမ်းထားလိုက်ပေါ့။ နောက် အီးမေးအခိုးခံရတိုင်း အဲဒီအချက်အလက်အတိုင်းဖြေပြီး ပြန်ရအောင်ယူပေါ့။

ကိုယ့် Gmail အဖေါက်ခံရရင် ဘာလုပ်မလဲ...ဘယ်လိုသိနိုင်မလဲ

•   ကိုယ့် Gmail အဖေါက်ခံနေရပြီဆိုတာကို ဘယ်မှာသိနိုင်မလဲ…….

•   ကိုယ့် Gmail အဖေါက်ခံနေရပြီဆိုရင် ဘာတွေဖြစ်နိုင်မလဲ……….

•   ကိုယ့် Gmail ကိုဘာကြောင့်အဖေါက်ခံရနိုင်မလဲ…….

ပထမဆုံးအနေနဲ့   Gmail ကို အဖေါက်မခံရဖို့ စတင်ဆွေးနွေးလိုပါတယ်.. Gmail ကိုအလွယ် တကူဖေါက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..(You Tube က Video တွေကြည့်ပြီး Software တွေလိုက်ရှာနေရင် ရူးသွားပါလိမ့်မယ်) မိမိရဲ့အားနားချက်ချို့ယွင်းချက်အပေါ်မှာ Hacker တစ် ယောက်က အခွင့်ကောင်းယူပြီးဖေါက်ရင်သာဖြစ်နိုင်ပါလိမ့်မယ် (hacker ကြီးတွေကိုတော့မပြောလိုပါ)...

လူသုံးအများဆုံးနည်းမှာ Keylogger သုံး၍ခိုးယူခြင်း….

Keylogger ဆိုတာဘာလဲ … ကိုယ်ရိုက်သမျှ ကီးအကုန်လုံးကို မှတ်သားထားပေးတဲ့ Software ပါ... ခုနောက်ပိုင်း Keylogger တွေဆိုရင် User name နဲ့ password ကိုပါ ခွဲခြားပြီး ထုတ်ပြပေး နိုင်ပါတယ်   Keylogger အန္တရာယ်က ဘယ်လိုရှောင်နိုင်မလဲ...  Keylogger run ထားမထား ဆိုတာကို ဘယ်လိုသိနိုင်မလဲ……..  မလွယ်ပါဘူး  Task Manager ခေါ်ထားပြီးလိုက်ရှာနေ ရင်လဲမူးနောက်သွားလိမ့်မယ်…..ဒါဆိုဘယ်လိုလုပ်မလဲ……. password ရိုက်တော့မယ်ဆိုရင် တိုက်ရိုက်မရိုက်ပဲ   Note pad တစ်ခုကို ဖွင့်ပြီးတော့ ကိုယ့် Password အပြင် တခြားစကား လုံးတွေကောညှပ်ထဲ့ရိုက်ပါ  ပြီးမှလိုအပ်တဲ့အပိုင်းကို  Copy ကူးပြီး Password Box အတွင်း မှာထည့်ပါ ဒါဆိုရင် Keylogger ကမှတ်ထားနိုင်ရင်တောင် ပြန်ကြည့်ရင် Password ကိုသိနိုင် ဖို့မလွယ်တော့ပါဘူး…..အဲလိုကြီးရိုက်ရမှာအလုပ်ရှုပ်တယ်ထင်ရင်  On screen keyboard ကိုခေါ်ပြီးရိုက်ထဲ့နိုင်ပါတယ်  Start>All program>Accessories>Accessibility>On screen Keyboard (Run box ထဲမှာ osk လို့ရိုက်ထည့်ရင်လဲရပါတယ်) ကို ခေါ်ပြီးတော့ မောက်စ်နဲ့နှိုပ်ပြီးရိုက်ထည့်နိုင်ပါတယ်  Keylogger မသိနိုင်တော့ပါ ဘူး..

Cookies မှတဆင့်ပြန်ဖေါ်ယူခြင်း….

Sign out လုပ်ပြီးတိုင်း cookie တွေဖျက်ခဲ့ဖို့မမေ့ပါနဲ့ (Firefox မှာဆိုရင် Ctrl+Shift+delete ကိုနှိုပ်ပြီး cookies ကို check ပေးပြီး ဖျက်ပါ. IE မှာဆိုရင် Tool>option>General>Delete cookies မှဖျက်ပါ) တစ်ချို့ဆောဝဲတွေ (Gmail password recovery) လို software မျိုးတွေက cookies တွေမှတဆင့် Password ကို ပြန်ဖေါ်ယူနိုင်ပါ တယ်... (တတ်နိုင်သမျှ Fire fox ကိုပဲသုံးပါ...)
နောက်တစ်မျိုးက Fake login ပါ …

Hacker တစ်ယောက်က Fake login page တစ်ခုကို ဖန်တီးပြီးသင့်ဆီကို ပို့လိုက်မယ် Gmail login Page နဲ့တဝေမသိမ်းတူပါတယ် (Link ကတော့တူလိမ့်မည်မဟုတ်ပါ) .. အဲ့ဒီမှာ သင့် အကောင့်ကို ရိုက်ထည့်လိုက်မိရင် သင့် Password က Hacker ဆီကိုအလွယ်တကူပဲ ရောက်သွားပါပြီ (မြန်မာပြည်မှာတော့တွေ့ရခဲ ပါတယ်) တတ်နိုင်သမျှ Web page တွေမှာ Gmail password ကိုအလွယ်တကူမရိုက်မိဖို့ သတိထားပါ.. အခြားဆိုဒ်များမှာ အကောင့်များဖွင့်ထားခဲ့ရင်လဲ Password တစ်မျိုးတည်းထားခြင်းကို ရှောင်ပါ …

နောက်တစ်မျိုးက Gmail Bruce ပါ...

ဖြစ်နိုင်ဖွယ်ရာအခြေအနေတစ်ခုကို ဦးတည်ပြီး Password ကို Dictionary နဲ့တိုက်ပြီးစစ်ဆေးတဲ့နည်းပါ (အောင်မြင်ဖို့ရာအခွင့်အလန်းနည်းပါတယ်)...ဒါပေမဲ့လဲ သတိထားဖို့တော့လိုပါတယ်...သူ့ကိုရှောင်နိုင်ဖို့က Password ကို ရိုးစင်းတဲ့ ဝေါဟာရများထားခြင်းမှ ရှောင်ပါ...  Capital letter များ ဂဏန်းများနဲ့ ရောထားပါ……

နောက်တစ်မျိုးက တော့ Cracking ပါ ……
ခုနောက်ပိုင်း လူသုံးများလာပါပြီ  .. Gmail မှာ Password ပြောက်သွားတယ်ဆိုပြီး အကောင့်ကို ပြန်တောင်းယူတဲ့နည်းပါ…..

•   ကိုယ့်အကောင့်ထဲမှာရှိတဲ့ Contacts list ထဲက အကောင့်ငါးခု (Fwd: mail များမှအလွယ်တကူသိနိုင်ပါတယ် Fwd mail ပို့လျှင် Bcc ခံပို့ပါ...)

•   အကယ်၍လေဘယ်ထားတယ်ဆိုရင်  လေဘယ်နာမည်..

•   အကောင့်စတင်လုပ်ခဲ့သောအချိန်.. (အတိအကျမလိုပါ နှစ်လောက်မှန်ရင်ကိုရတာများပါတယ်)

•   နောက်ဆုံး login ၀င်ခဲ့သောအချိန်

•   နောက်ဆုံးသုံးခဲ့သော Password … (အမှန်စစ်စစ် မလိုပါ...)

ဒီ Information တွေစုံတယ်ဆိုရင် Google က Password recovery Page ကို ပြန်ချပေး ပါတယ် (Gmail ရဲ့ Vulnerability တစ်ခုပါ)…. Password reset လုပ်ယူလို့ရနိုင်ပါတယ်…..

Hacker တစ်ယောက်ဟာ (a) (d) နဲ့ (c) ကို အလွယ်တကူသိရအောင် ဖန်တီးယူနိုင်ပါတယ်... (လူတစ်ယောက်ကို အကောင့်တစ်မျိုးထက်ပို၍ ဆက်သွယ်ခြင်းမျိုးမှ ရှောင်ပါ..)

ကိုယ့်အကောင့်အဖေါက်ခံရပြီဆိုရင်ဘာတွေဖြစ်လာနိုင်မလဲ… ?
ပထမဆုံးအနေနဲ့  ကိုယ့် အချက်အလက်တွေကို ခိုးယူကြည့်ရှုခြင်းခံရပါမယ်  ..  နောက်ထပ် Hacker က ကိုယ့်အကောင့်ထဲမှာ User name ပေါင်းထည့်သွားနိုင်ပါတယ် (ကိုယ့်အကောင့်နာမည်နဲ့ အချိန်မရွေးမေးလ်ပို့လို့ ရပါတယ်)… ကိုယ့်ထဲကိုဝင်လာမဲ့ မေးလ် တိုင်းကို အခြားမေးလ်ဆီသို့ Forward လုပ်ယူသွားနိုင်ပါတယ်…. နောက်ဆုံး ကိုယ့်အကောင့် တစ်ခုလုံးကို လုံးဝဖျက်ပစ်နိုင်ပါတယ်……. မည့်သည့်အခြေအနေတွင်မျှ မလုံခြုံနိုင်တော့ပါ...

ကိုယ့် Gmail အဖေါက်ခံရပြီကို ဘယ်လိုသိနိုင်မလဲ…….. ?
Gmail ၀င်စစ်တိုင်း အောက်ဆုံးနားမှာရှိတဲ့ Last Account Activity ကိုစစ်ပေးပါ... နောက်ဆုံးဝင်ခဲ့တဲ့အချိန်က ကိုယ်သုံးခဲ့တဲ့အချိန် ကိုယ်သုံးခဲ့တဲ့ IP မဟုတ်ဘူးဆိုရင်သေချာပေါက်အဖေါက်ခံထားရပါပြီ အကယ်၍ သင်က IP တစ်မျိုးတည်းကသုံးတယ် Browser တစ်မျိုးတည်းပဲသုံးတယ်ဆိုရင် Detail မှာဝင်ကြည့်ပါ  နောက်ဆုံးသုံးခဲ့တဲ့ ငါးကြိမ်ရဲ့ IP များနဲ့  Browser များကို ဖေါ်ပြပေးပါလိမ့်မယ်  …( လိုအပ်တယ်ဆိုရင် Google က password ပြောင်းဖို့သင့်ကို သတိပေးပါလိမ့်မယ်..)

ကိုယ့် Gmail အဖေါက်ခံရရင် ဘာလုပ်မလဲ……??
ကိုယ့် Gmail အဖေါက်ခံရတာသေချာပြီဆိုရင်..  Gmail>Setting > account and import> Google account setting မှာသွားပြီး Password ပြောင်းပါ  Security Question ပြောင်းပါ Secondary Email Address ပြောင်းပါ  ……ဒါပေမဲ့ .. စိတ်ချနိုင်ပြီလား…… စိတ်မချရနိုင်ပါ   အကောင်းဆုံးကတော့ကိုယ့်အကောင့်အဖေါက်ခံရပြီဆိုလျှင် အကောင့်သစ်တစ်ခုထပ်လုပ်၍ ရှိပြီးသားမေးများကို အကောင့်သစ်ထဲသို့ပြောင်းယူပါ …
(သင့်အကောင့်ကို တစ်ခါဖေါက်ထားဘူးသော Hacker မှ သင့်အချက်အလက်များကိုမှတ်သားထား၍ အချိန်မရွေးပြန်ပြီး Crack လုပ်နိုင်သောကြောင့်ဖြစ်သည်)...

မိမိအချက်အလက်များ ခိုးယူခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ။                                                ပြတိုက်                                  

ါgmail အကောက်အခိုးမခံရအောင်ဆောင်၇န်ရှောင်ရန်

Email
အဟက်ခံရတယ်ဆိုတာဟာ များသောအားဖြင့် ဟောဒီအချက်တွေကြောင့်ပဲ
ဖြစ်နိုင်ပါတယ်။ ၁။ social engineering ဆိုတဲ့ အယုံသွင်းပြီး password
ကိုယူသွားတာ ၂။ cookies အခိုးခံရတာ ၃။ key logger လိုဟာမျိုးနဲ့
ကိုယ်ရိုက်ထားသမျှတွေထဲကနေ password ကိုသိသွားတာ ကျွန်တော် သိသလောက်ကတော့
ကျွန်တော်တို့ဆီမှာ ကြုံကြရတာဟာ အမှတ်(၁) အမျိုးအစားကများပါတယ်။Gmail
team ကလိုလို၊ တခြား ယုံကြည်ရတဲ့ Site တစ်ခုခုက လိုလိုနဲ့စာတွေပို့ပြီး
အယုံသွင်းတတ်ကြပါတယ်။ များသောအားဖြင့် အင်္ဂလိပ်စာကျွမ်းကျင်တဲ့သူတွေ
ပိုပြီးခံရကြပါတယ်။ ပြီးတော့ လူ့လောဘကို အသာလေးဆွပေးလိုက်တဲ့
စာမျိုးတွေလည်း လာတတ်ပါသေးတယ်။ တစ်ခြားသူတစ်ယောက်ယောက်ရဲ့ password
ကိုသိချင်ရင် သူပို့လိုက်တဲ့ အထူးပရိုဂရမ်ကိုသုံးကြည့်ဖို့ပေါ့လေ။
လူတိုင်းဟာ သူများရဲ့ အတွင်းရေးကို သိချင်ကြသူတွေချည်းပဲမဟုတ်လား။
အဲဒီအချိန်မှာ သတိလွတ်သွားပြီး သူတောင်းတဲ့အတိုင်း ကိုယ့် password ကို
ပေးလိုက်မိပါတယ်။ ပြီးရင် တစ်ဖက်က စာပြန်လာတတ်ပါတယ်။ မင်းသိချင်တာအတွက်
အလုပ်လုပ်နေဆဲမို့လို့ ခဏစောင့်ပါ ဘာညာပေါ့လေ။ အဲဒါကတော့ auto responder
လုပ်ထားလို့ ပြန်ရောက်လာတဲ့စာပါပဲ။ ကိုယ့်မေး(လ်) နဲ့ password ကတော့
သူ့ဆီရောက်သွားပါပြီ။ ကြုံဖူးရင်ကြုံဖူးကြမှာပါ။ ဒီတော့ကာ အဲဒီလို
စာမျိုးတွေကို ဘယ်တော့မှ မယုံပါနဲ့။ ဒီလိုလုပ်လို့ သူများ password ကို
ဘယ်လိုမှ မသိရနိုင်ပါဘူး။ တစ်ဖက်က mail server ထောင်ထားတဲ့သူတွေကလဲ
သူငယ်နှပ်စားလေးတွေမှ မဟုတ်တာ။ သူတို့ဒီလောက်တောင် အ, ရင်
ကုန်သွားတာကြာပြီပေါ့။ အမှတ်(၂) အမျိုးအစားကတော့ ခင်ဗျားတို့လောလောဆယ်
အီးမေး(လ်)ကဲ့သို့သော login name နဲ့ password သုံးရတဲ့
ဆိုက်မျိုးတစ်ခုခုကို ၀င်နေချိန်မှာ အဲဒီ အချက်အလက်တွေကို ခင်ဗျားတို့ရဲ့
browser က ယာယီဖိုင်ကလေးတွေဖြစ်တဲ့ cookies လေးတွေအဖြစ် စက်ထဲမှာ
သိမ်းထားပါတယ်။ အဲဒါမျိုးကို တစ်ဖက်ဆာဗာကနေ java code, php code လို
script လေးသုံးပြီး ယူလိုက်လို့ရပါတယ်။ ပြီးရင် သူ့ဆာဗာတစ်နေရာမှာ
သိမ်းထားလိုက်မှာပေါ့လေ။ နောက်တော့မှ အဲဒီ cookies တွေကို သူ့ browser
ထဲကို import လုပ်လိုက်ရင် ခုနက ခင်ဗျား login ၀င်ထားတဲ့
အနေအထားမျိုးပြန်ဖြစ်သွားပြီး ခင်ဗျားရဲ့
မေး(လ်)ထဲကိုရောက်သွားပါလိမ့်မယ်။ အဲဒီလို cookies ခိုးတာဟာ server side
script ရော client side script ရော နှစ်မျိုးစလုံးနဲ့ လုပ်လို့ရပါတယ်။
Firefox plug-in တွေဖြစ်တဲ့ grease monkey တို့ chicken foot
တို့လိုဟာမျိုးတင်ထားပြီး၊ java script ထည့်ထားရင် အဲဒီ ပရိုဂရမ်ဟာ
background process အဖြစ်နဲ့ ခင်ဗျားရဲ့ cookie တွေကို အချိန်တိုင်း
သူ့ဆာဗာဆီကို လှမ်းပို့နေပါလိမ့်မယ်။ အဲဒါမျိုးကို antivirus
တွေမသိနိုင်ပါဘူး။ ဒီတော့ကာ ဆိုင်မှာသုံးတဲ့အခါ ကိုယ်သုံးမဲ့ Firefox က
add-on နေရာမှာ ဘာတွေရှိနေသလဲဆိုတာအရင်ကြည့်ကြည့်ပါ။ grease monkey တို့
chicken foot တို့တွေ့ရင် uninstall လုပ်လိုက်ပါ။ ပြီးတော့က WOT Web of
Trust ဆိုတဲ့ Firefox plug-in တစ်ခုကိုတင်ထားစေချင်ပါတယ်။ သူက စိတ်ချရတဲ့
Site အဆင့်အတန်းကို ၀ါ စိမ်း နီ အရောင်နဲ့ပြပါတယ်။ အနီရောင်ဆိုရင်
ဝင်မကြည့်သင့်ပါဘူး။ များသောအားဖြင့် crack.ms တို့လို password တွေ
serial တွေပေးတဲ့ Site တွေ နဲ့ porn site တွေဟာ စိတ်မချရပါဘူး။
နောက်ပြီးတော့ Beef ဆိုတဲ့ browser exploitation framework
တစ်ခုရှိပါသေးတယ်။ ဟောဒီ link ကနေ သွားကြည့်ကြပါ။

အဲဒီဟာကတော့ server side
application တစ်ခုဖြစ်ပြီး ကိုယ်ဆာဗာပေါ်မှာ အဲဒါကိုတင်ထားပြီး
သူလုပ်ခိုင်းတဲ့အတိုင်း configuration လုပ်ထားရင်၊ admin panel ကနေ
ကိုယ့်ဆီလာကြည့်သမျှစက်တွေထဲကို လုပ်ချင်တာလုပ်လို့ရနေတဲ့ သဘောရှိပါတယ်။
XSS proxy ပုံစံမျိုးပါပဲ။ XSS နားလည်တဲ့သူတွေကတော့
သဘောပေါက်ကောင်းပေါက်နိုင်ပါတယ်။ ဒေါင်းပြီး ကိုယ့်စက်ထဲမှာ
စမ်းကြည့်လို့လဲရပါတယ်။ တကယ်ဖြစ်ပါတယ်။ ကျွန်တော်စမ်းပြီးသားပါ။
အဲဒီလိုဟာမျိုးတွေကိုလဲ ကြောက်ရပါတယ်။ အမှတ်(၃) အမျိုးအစားဖြစ်တဲ့ key
logger ဆိုတာကတော့ ကီးဘုတ်က ရိုက်သမျှတွေအကုန်လုံးကို စက်ထဲမှာ
ဖိုင်လေးတွေဖွင့်ပြီး သိမ်းထားတဲ့ဟာမျိုးပါပဲ။ ဒီတော့ကာ
ခင်ဗျားရိုက်သမျှကိုသိရပြီပေါ့ဗျာ။ ဒါကတော့ task manager ကနေကြည့်ရင် ဘာ
run နေလဲဆိုတာသိနိုင်ပါတယ်။ စိတ်မချရတဲ့ဆိုက်ဆိုရင် မသွားနဲ့ပေါ့။
ပြီးတော့ user name တို့ password တွေရိုက်တဲ့အခါမှာ
အမှားတွေရောပြီးရိုက်လိုက် back space နဲ့ ပြန်ဖျက်လိုက်၊ ထပ်ရိုက်လိုက်
... အဲဒါမျိုးရိုက်ထည့်ပါ။ အဲဒါဆိုရင် key logger က log file
ကိုကြည့်တဲ့အခါ တော်တော် ခေါင်းစားပြီး password အမှန်ကို သိအောင်
တော်ကြိုးစားရပါလိမ့်မယ်။ များသောအားဖြင့်ကတော့ key logger တွေကို
antivirus တွေက လက်မခံပါဘူး။ ဒီတော့ကာ အခုပြောခဲ့သမျှတွေကို
သေချာနားလည်အောင်ဖတ်ပြီး ကာကွယ်ကြပါတော့။ အကောင်းဆုံးကတော့ password ကို
မကြာမကြာပြောင်းပေးဖို့ပါပဲ။ တစ်ချို့ကလဲ password မှန်သမျှကို
တစ်မျိုးထဲ ထားတတ်ကြပါတယ်။ ဒါလဲ မလုပ်သင့်ပါဘူး။ ပြီးတော့ security
question တွေကို လေးလေးနက်နက်သဘောထားပြီး
ခန့်မှန်းလို့ခက်မဲ့အဖြေမျိုးတွေကိုပဲ ဖြေကြစေချင်ပါတယ်။ ပြီးတော့ကာ
secondary mail ကို သူများမေး(လ်) မထားကြပါနဲ့။ သူများကိုလဲ
မေး(လ်)မလုပ်ခိုင်းပါနဲ့။ ခုခေတ်မှာ ရည်းစားနဲ့ မေး(လ်)ချင်း
ဖလှယ်တာတွေကို အမြဲတွေ့နေရပါတယ်။ တကယ်တမ်းကတော့ အပြန်အလှန်
လျှို့ဝှက်ချက်မရှိကြောင်း သက်သေထူချင်တာပါပဲ။ ချစ်ဆိပ်တက်နေတုန်းမှာ
ဘာမှ မဖြစ်ပေမယ့်၊ ရန်ဖြစ်ကြပြီဆိုရင် တစ်ဖက်လူက ကိုယ့်မေး(လ်)က ဟာတွေ
အကုန်ရသွားပါလိမ့်မယ်။ ဒါမျိုးနဲ့
အရှက်တကွဲအကျိုးနည်းရတာတွေကြားဖူးပါတယ်။ hackerတွေရဲ့ skills မှာ
ပေါင်းသင်းဆက်ဆံရေး ကောင်းတာလဲတခု အပါအဝင်လို့ပြောချင်ပါတယ် ကိုယ် hack
ချင်တဲ့လူနဲ့ ခင်အောင်ပေါင်းပြီးသူ့ရဲ့ Security Question ကို Guess
လုပ်တာပါ Exp... Birthday, mother middle name ... etc.... Site, Company
တခု ကို hack တော့မယ်ဆိုရင်အဲ့ဒီ company မှာလုပ်နေတဲလူနဲ့
တည့်အောင်ပေါင်းပြီး information ကိုရအောင်ယူကြတယ်။ Exp... Hardware,
Software, network topology, server OS, etc....... That's social
engineering. ဒါကြောင့် အပျော်သုံးဖို့နဲ့ အလုပ်လုပ်ဖို့ စသဖြင့်
မေး(လ်)တွေ အမျိုးမျိုးခွဲထားပါ။ မြန်မာပြည်မှာ password
အခိုးခံရတာဆိုတာတော့ အများအားဖြင့် သုံးစွဲသူတွေရဲ့ security
အသိပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် များပါတယ်.. g-mail ကို server ထိ
လိုက် hack ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါ။ 1) g-talk, gmail သေချာ sign
out လုပ်ပါ။ login ၀င်လျှင် remember password ကို check မပေးပါနဲ့။
never for this site သာချပါ။history, cookies တို့ကို clear လုပ်ခဲ့ပါ။
2) g-lite တွေကို ဖြစ်နိုင်ရင် မ၀င်ပါနဲ့ ။ php နည်းနည်းလေးသိတာ
လောက်နဲ့တင် အလွယ်တကူ ခိုးယူလို့ရပါတယ်။ 3) g-mail, yahoo, hotmail
အစရှိသော mail တို့ရဲ့ password တောင်းရာ site တွေကို လုံးဝ password
မပေးပါနဲ့။ ဥပမာ (friendster, multiply, zorpia, hi5 etc.,)
ကိုယ့်သူငယ်ချင်းတွေဆီ spam မေးတွေရောက်သလို။ ကိုယ့် အကောင့်နဲ့
သူချယ်လှယ်ချင်တာ ချယ်လှယ်တာ ခံရပါလိမ့်မယ်။ 4) ကိုယ့်သုံးတဲ့ စက်မှာ
golden eye, key logger အစရှိသော user အား trace လိုက်ရာ program များ
run ခြင်းရှိမရှိ စစ်ကြည့်ပါ။ မသကာၤပါက end process သာ ကစ္ပစ္ပါ။ restart
မှတပါး ဘာမှ ပြဿနာ မရှိနိုင်၊ မဖြစ်နိုင်ပါ။ Cyber Café မှ သုံးသူများ
အတွက် (သို့) သူများ PC မှာ သုံးမယ်ဆိုရင်။ တော်တော်များများက Gmail
password hack မယ်ဆိုတာနဲ့ အရမ်းကို စိတ်ဝင်စားကြတယ်ဗျ။ ဘာလို့သူများ
password ကို သိချင်ကြမှန်း မသိဘူး။ ဘာမှ ကောင်းကျိုး မရှိဘူး။ တချို့
Forum တွေ Blog တွေမှာ ရေးကြတာကတော့ connection ကျအောင်အရင်လုပ် gtalk က
password တွေ •••• အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့
ကြည့်ပေါ့ဗျာ။ အင်း ... အဲဒီထက်ကောင်းတဲ့နည်းရှိတယ်ဗျ ... see password
လို့ ခေါ်တယ်။ ဒီ software လေးမှာ မှန်လိုပုံစံလေးပါတယ်။ password နေရာမှာ
မှန်ဘီလူး လိုကြည့်လိုက်ရင်ပေါ်ပြီပဲ။ portable လည်းရှိပါတယ်။
အဲဒါထက်ဆိုးတာ တစ်ခုရှိတယ်ဗျ။ ဒီလိုဗျာ .. keylogger လို့ခေါ်တယ် ..
window စတက် ကတည်းက စအလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ
လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ဒါကြောင့် ရှိမရိလညှ်း
မသိရတော့ဘူးပေါ့ဗျာ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse
နဲ့နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ
ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ။ သွားပြီ user
name ရော ၊ password ရော။ နောက်ပြီးရင် ကိုယ့်ချစ်သူနဲ့
နှစ်ကိုယ်ကြားတွေပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းတွေပြောမယ်။ တချို့တွေ
credit card နံပါတ်တွေ ရိုက်မယ် အကုန်ကျန်ခဲ့တာဗျ။ ဘယ်လောက်
ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့် Cyber ကနေ သုံးရတဲ့လူတွေ
တွေးသာကြည့်ပါတော့ဗျာ ... (All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊
အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်တယ်၊ သတိထားနော်..
မင်းသား/မင်းသမီးတွေလို ဖြစ်သွားမယ် ။ ) အဲဒါကို ရှိမရှိ ကြည့်ဖို့
ပြီးတော့ ကိုယ်ရေးခဲ့သမျှ မကျန်ခဲ့ဖို့ ကျွန်တော် ပြောပြပါ့မယ်။
ကိုယ့်သူငယ်ချင်းနဲ့ သက်ဆိုင်သူတွေကိုတော့ အသိပေးပြောပြလိုက်ပေါ့ဗျာ။
တကယ်ကျန်ခဲ့တယ်ဆိုတာ အားလုံးမှတ်ပေးနိုင်တယ်ဆိုတာ မယုံဘူးလား .. Software
ရှာပြီး စမ်းကြည့်ပေါ့ဗျာ။ ကဲ ကြာပါတယ် .. ကိုယ်ရေးတာတွေ password တွေ
ပါမသွားအောင် လုပ်လိုက်ရအောင် .. ။ Ctrl+Shift+Esc (or) Ctrl+Atl+Del နဲ့
Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီး
msdts.exe ဆိုတာကို လိုက်ရှာကြည့် ဗျာ။ ရှိတယ်ဆို keylogger
သုံးထားလို့ပေါ့ ။ အမြန်သာ click နှိပ်ပြီး End process ပေးလိုက်ပေတော့ ။
အဲဒါဆိုရင်တော့ key logger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ task manager မှာရှိတဲ့ process tab
ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲ အိုကေထားပြီး
ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်တာပါပဲ...ဘာလို့ဆို
ရိုးရိုး user တွေအနေနဲ့က ဘယ်လို file က အချက်အလက်တွေကို
ရီကော့လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်း ဘေးရှင်းအားလုံးကို end
process လုပ်ပြီး ကိုယ်သုံးတဲ့ Application ကိုပဲ manually ခေါ်သုံးတာ
အကောင်းဆုံးပါပဲ။ အဲ့ဒီ Software က media server ဆိုတဲ့ အရေခြုံထားတာပါ။
internal name ကတော့ KeyLogger.exe ပါ။ Data Doctor Key Logger
လို့လဲခေါ်ကြပါသေးတယ်။ OS ကိုလိုက်ပြီး သိမ်းတဲ့နေရာကွဲသွားပါတယ်။
C:\Windows\System for Windows 95/98/ME C:\Winnt\System32 for Windows
NT/2000 C:\Windows\System32 for Windows XP and Vista အဲဒီနေရာတွေမှာ
ရှာကြည့်ပါ။ ပြီးရင် Registry ထဲက Run, RunOnce, RunServices ဒါမှမဟုတ်
RunServicesOnce နေရာတွေမှာရှာပြီးဖျက်ပစ်ပါ။ အောက်မှာပြထားတဲ့
နေရာတွေနဲ့ file တွေတွေ့ရင် delete လုပ်ပစ်ပါ။ safe mode နဲ့ လုပ်ပါ။
%ProgramFiles%\KeyLog\Key.exe %ProgramFiles%\KeyLog\Uninstall.exe
%ProgramFiles%\KeyLog\msdts.exe %UserProfile%\Desktop\Key.exe ဒါက DLL
file တွေကို ကစ်ဖို့ .. %ProgramFiles%\KeyLog\Registration.dll
%ProgramFiles%\KeyLog\Support.dll %System%\Urncb.dll
%System%\Urncbc.dll ဒါကတော့ registry မှာ ရှာဖို့၊ တွေ့ရင်ဖျက်...။
HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Uninstall\Data
Doctor KeyLogger (Trial) 2.0.1.5 အဲ့ဒီ Software ဟာ default home page
ကိုလဲ change သွားတတ်ပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီနည်းနဲ့ Hack
ခံခဲ့ရဖူးပါတယ်။ သူငယ်ချင်းတယောက် ပို့ပေးတဲ့ ဖော်ဝပ်မေလ်းပါ။   


hacker များရဲ့ အယူအဆများနှင့်လုပ်နည်းများ

ကဲရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာလဲ တော်တော် ကြာပြီ ဘယ်ကစရေးရမလဲကိုမသိတော့ဘူး ဧဒင်ထဲကကိုမျိုး

ကသတိပေးတားတယ်လေ soical site တွေကဘယ်လိုမှhack လို့ရမှာမဟုတ် ဘူး အကယ်လို့သာ မန်ဘာများက User name နဲ့ password မေ့သွားလို့ရှိရင် ပြန်ပြီးတော့

ရနိုင်တယ် အဓိကက ကိုယ်ရဲ့ email ကိုယ်လုံခြုံအောင်ထားဖိုပဲတဲ့ ဟုပ်ပါတယ် soical site တွေကို ပစ်ရှင်လုပ်ပြီးတော့hack လုပ်ခဲ့ လို့ရှိရင် ကိုယ် လုပ်ထားတဲ့ ဟာလေးကိုပဲ့

ရသွားမှာပါ ဒါပေမဲ့ black hacker အစစ်အမှန်တွေလုပ်တာကတော့ကိုယ်ရဲ့ မန်ဘာဝင်ထားတဲ့ soical site ကိုယ်ပစ်ရှင်လုပ်ပြီးတော့ရသွားပါပြီ ထပ်ပြီးတော့ ကိုယ်နဲ့သက်ဆိုင်တဲ့ အခြားဟာတွေကိုယ်ပါ ထပ်ပြီးတော့နောက်ယောင်ခံလိုက်ပါတယ်Hacker တစ်ယောက်ကဟက်တော့မယ်ဆိုရင်ကိုယ်ဟက်မဲ့သူရဲ

Phone number နေရက်လိပ်စာ bank account တွေအပြင်ကိုယ်ချက်ခဲ့တဲ့ သူ ကိုယ်သွားမဲ့ siteတွေကိုပါသိတားရပါမယ် ဒါကရည်ရွယ်ချက်ရှိရှိနဲ့ပေါ့ soical site ကိုပစ်ရှင်လုပ်ပြီးတော့ဟက်မိသွားပြီနောက်ဘာတွေလုပ်ဦမလဲတစ်ဆင်ချင်းပေါ့နော် ပတမဆုံး ကိုယ်ရဲ့ email name နဲ့ Password ကို ပြောင်းမယ် ဒါဆိုရင်ဒီဆိုက်ကိုဝင်မရတော့ဘူးပြီးတော့ golden ghost pushing သုံးမယ်ဒါလေးကတော့ black hacker တွေသုံးတဲ့ပစ်ရှင် နည်းပါ php နဲ့ ရေးထားတာပါ ဒီကုပ်လေးမှာပိုမဲ့ ဟက်ခံရမဲ့သူရဲemail name နဲ့ ဟက်မဲ့သူက ပေါင်းပြီးတော့ရေးထားတာကိုယ်အဟက်ခံရတယ် soical site ကို

user name နဲ့ password ဖြည့်ပြီးတော့ဝင်မယ် loading လုပ်နေတဲ့ အချိန်မှာright click လိုက်ပြီးတော့ view page source ကိုနှိပ်လိုက်ပါအဲဒီမှာတွေရမဲ့coad တွေကို notepad ထဲ မှာကူးထဲ့ ပြီးတော့ အဲ့ ဒီကြားထဲ မှာ Php coad လေးကိုကူထဲ့ လိုက်ပြီးတော့ggp.html ဆိုပြီးတော့ save လိုက် ပြီးတော့ password တွေမှတ်ဖို့အတွက်tex file တစ်ခုလုပ်java script လေးရေးရေးတဲ့အထဲမှာ ကိုယ်mail ပို့ပြီးတော့ကိုယ်ပစ်ရှင်လုပသူတွေရဖို့ ဧဒင်မှာအထူးသတိပေးစာသင့်မေးမလုံခြုံဘူးလို့ထဲ့ရေးရသေးတယ်ပြီးတော freehosting site registryလုပ်ပြီးတော့မှာလုပ်ထားတဲံ ၃ခုကိုupload လိုက်ဒါဆိုရင်black hacker ရေးထားတဲ့ java script လေးကအစွမ်းပြပြီးတော့ send ပေးလိမ်မယ်ဒါဆိုရင် ဟက်ခံရမဲ့သူထံကို ဧဒင် (သို့) မိမိအသုံးပြုနေကြ Social Network တခု က mail ပို့လိုက်သလို ဥပမာ ဒီဆိုရှယ် နက်ဝက်မှ အထူးသတိပေးစာသင့်မေးမလုံခြုံဘူးပေါ့စသည်

mail တစ်စောင်ရောက်လာပါလိမ်မယ် link လေးနဲ့ဒါကိုမသိပဲနဲ့ အဲဒီlinks လေးကိုclick နှိပ်လိုက်တာနဲ့ကိုယ်ရဲ့gmail password ပါသွားပါပြီ ကိုယ်ကိုဟက်တဲ့ ဟက်ကာဆီကို free hosting ကနေပြီးတော့

email တစ်ဆောင်ပို့ပေးပါလိမ်မယ် ဟက်မဲ့သူက မိမိ Hosting လုပ်ခဲ့တဲ့ ဆိုက်ကိုပြန်ဝင်

ပြီးတော့ကြည်လိုက်ရင် tex file လေးမှာ password ရော ip ရောသူသုံးတဲ့browser

ရော ပါပြလိမ်မယ် ဒါကအခုသုံးလာတဲ့ ပစ်ရှင်နည်းပါ ဒါကြောင့် မိသား စုဝင်များအနေနဲ့ တွေ့ကရာမေးတွေကို

ိုတိုက်ရှိုက် click မနှိပ်လိုက်ပါနဲ့ ဒီလိုလဲဟက်ကာတွေကအယူအဆလေးတွေရှိတယ်

ဟက်ကာချင်းလည်းအယူအဆမတူပါ အဝေးက computer တစ်ခုကိုဟက်ကင်

လုပ်တဲ့အခါ ပရိုဂရမ်ကျွန်ကျင်တဲ့သူတစ်ဦက ဥပမာ mp3 ကို flat sound လုပ်တဲ့

software ကိုcrack လုပ်ပြီးတော့ တိုက်ရိုက်ထိမ်းချုပ်နိုင်တဲ့ keylogger, spy contro,back door စသည့် program လေးကိုရေးပြီးတော့ထဲ့ပေးလိုက်တယ်ဒါကိုတခြားသူကမသိပဲနဲ့

ဒါက flat sound လုပ်တဲ့ software ပဲ ဆိုပြီးတော့မသိပဲနဲ့ run တာနဲ့ ကိုယ်ရဲ့

computer ထဲကို black hacker ရေးထားတဲ့ program ပါ တစ်ခါထဲ install

လုပ်မိသလိုဖြစ်ပြီးတော့ ထိန်းချုပ်တာခံရနိုင်ပါတယ် ဒါမျိုးလုပ်ထားတဲ့ software

တွေတော်တော်များများက ဒီsoftware ပေါ်ကို right click ခေါက်ပြီးတော့Open with

notepad နဲ့ ဖွင်လို့ရပါတယ် ဖွင့်လိုက်တဲ့ အခါမှာရေးသားထားတဲ့ ကုပ်လိုင်းတွေကို

တွေရတက်ပါတယ် အဲ့ဒီအခါအကုန်ဖြတ်ပြီးတော့ ပြန် saveလိုက်ပါ အဆင့်မြင့်မြင့်ရေးသားထားတာတွေကိုတော့လုပ် လို့မရပါဘူး။ ဒီလိုမျိုးပဲလုပ်လို့ရတဲံ spywebsite လေးရှိပါတယ်ဒီဆိုက်လေးမှာ registry

လုပ်လိုက်တာနဲ့ ကိုယ် registry email နဲ့လုပ်ထားတဲ့ email လိပ်စာထဲကိုဒေါင်း

လုပ် links လေးပါတဲ့ mail ရောက်လာလိမ်မယ် ဒီ ဟာလေးကိုဒေါင်းလိုက်ရင်

spysoftware လေးရပါမယ်သုံးမရသေးပါဒါလေးကို အခြားသုံးပြုရမဲ့

software တစ်ခုမှာ install လုပ်ရသေးတယ် ဥပမာmp3 ကို flat sound လုပ်တဲ့software လေးထဲ ကို ဒီ spy software

လေးကို install လုပ်ရပါတယ်ဒါဆိုရင်ဒီ spy လေးကကိုယ်ယောင်ပျောက်ပြီးတော့

mp3 ကို flat sound လုပ်တဲ့software လေးထဲ ကို ၀င်ပူးသွားပါပြီး

ဒါလေးကိုအခြားတစ်ယောက်ကို ပေးလိုက်တဲ့ အခါအခြားသူကမသိပဲ

နဲ့ install လုပ်လိုက်တာနဲ့ spy လေးကိုပါလုပ်မိသားဖြစ်သွားတယ်

ဒါဆိုရင် ဒီ spy လေးကို install လုပ်မိတဲ့သူက online ရှိတဲ့အချိန်မှာ

ဒါလေးကိုလုပ်ထားတဲ့ သူက မိမိregistry လုပ်ထားတဲ့ spy site ဆိုက်မှာ

user name ,,password နဲ့ ၀င်ပြီးတော့လုပ်မိသူကိုထိမ်းချုပ်နိုင်ပါတယ်

ဒါကြောင့် free ရတိုင်း software တွေကိုစွပ်စပ်ပြီးတော့ install မလုပ်သင့်ပါဘူး

မကောင်းသူလက်ထဲမှာအသက်မ၀င်စေရန် ဒီ ဆိုက်ကိုမဖော်ပြတော့ပါ
ဒါမျိုးအလားတူလုပ်နိုင်တဲ့ site တစ်ခုရှိပါတယ်       https://secure.logmein.com/
ပါဒီလိုပဲ ဒီဆိုက်က software လေးကိုဒေါင်းပြီးတော့ဒီဆိုက်မှာ registry

ဝင်လုပ်ပါ ရလာတဲ့ software လေးကိုကိုယ်ထိမ်းချုပ်ချင်တဲ့ computer

မှာ install သွာားလုပ်လိုက်ပါပြီးရငအခြားအလုံးကနေပြီးတော့် registry လုပ်ထားတဲ့ logmein

မှာဝင်ပြီးတော့ username ,,password ဖြည့်ပြီးတော့စထိမ်းချုပ်နိုင်ပါပြီ

ဒါကြောင့်ကိုယ် computer ကို အခြားသူများကကိုယ်လျှင် သတိထားပြီးတော့ကြည်
နေသင်ပါတယ် သူငယ်ချင်းတောင်မယုံရပါဘူး။



မှတ်ချက်။         ။ S M I နည်းပညာ မှ ကူးယူဖော်ပြထားချင်ဖြစ်ပါတယ် 




No comments:

Post a Comment